Header Ads

ကျွန်မနှင့် ရောမနတ်ဘုရားရုပ်တုကြီး

 

မနက်ခင်းအလင်းရောင်ဖျော့ဖျော့အောက်မှာ ပြတင်းပေါက်အပြင်ဘက်က ကျေးငှက်လေးတွေရဲ့ သာယာတဲ့တေး သီချင်းသံတွေကို နားဆင်ရင်း ကျွန်မနိုးထလာခဲ့တယ်။ ညက ညဉ့်နက်မှအိပ်ပျော်ခဲ့ပေမဲ့ ကျွန်မစိတ်တွေ လန်းလန်းဆန်းဆန်းနဲ့ အပျင်းကြောတောင်မဆန့်တော့ဘဲ အိပ်ယာက ထလာမိတာ အံ့ဩစရာ...။ အောက်ထပ်ကို ဆင်းလာတော့ မေမေက ကျွန်မအကြောင်းသိနေတဲ့ထုံးစံအတိုင်း.......

"သမီး အစောကြီးထလာပါလား....အပြင်သွားမလို့လား"

"ဟုတ်"

"ညည်းအေ.....ပိတ်ရက်လေးဘာလေးလည်းအိမ်မှာမနားဘူး လျှောက်သွားနေတာပဲ"

မေမေ့ရဲ့ ဗြစ်တောက်ဗြစ်တောက်အသံကို မကြားဟန်ဆောင်ရင်း ရေချိုးခန်းဆီထွက်လာလိုက်တယ်။ ဒီကျောင်းပိတ်ရက်လေးပဲ အပြင်ထွက်ရတာကို မေမေကပြောချင်နေသေးတယ်။ ပြီးတော့ ဒီနေ့က အထူးစပယ်ရှယ် နေ့လေ။ ရေပန်းကထွက်လာတဲ့ ရေအေးအေးကို စိမ်ပြေနပြေချိုးရင်း သူ့အကြောင်းတွေးမိတော့ ရှက်သလိုလိုဖြစ်ပြီး ကျွန်မပြုံးမိသေးတယ်။ သူ့အကြောင်းဆိုတာက အောင်အောင့်အကြောင်း............ကျွန်မနဲ့လက်ရှိဒိတ်နေတဲ့ သူငယ်ချင်းချစ်သူလေးပေါ့။ ဒီနေ့လည်း သူနဲ့တွေ့ဖို့ ချိန်းထားလို့ စိတ်တွေစောပြီး စောစောနိုးနေတာ။ အချိန်ကတော့လိုပါသေးတယ်။ အေးလေ....အေးအေးဆေးဆေး အလှပြင်ချိန်ရတာပေါ့။

အောင်အောင်က ကျွန်မနဲ့အထက်တန်းကျောင်းမှာတည်းက ခင်တဲ့သူငယ်ချင်းပါ။ ဆယ်တန်းအောင်ကြတော့ သူနဲ့ ကျွန်မက တက္ကသိုလ်မတူဘဲ အဆက်အသွယ်မရှိသလောက်ဖြစ်သွားတယ်။ အခုပြန်ဆက်သွယ်မိကြတာ မကြာသေးဘူး။ သူကဘာစိတ်ကူးပေါက်တယ်မသိ ဖုန်းဆက်လာတယ်လေ။ အဲ့ဒီလိုနဲ့ ညတိုင်းဖုန်းပြောဖြစ်ကြပြီး ကျွန်မတို့ရည်းစားမကျ သူငယ်ချင်းမက အခြေအနေဖြစ်သွားတယ်။ ဒါပေမဲ့ကျွန်မသတိထားပါတယ်။ အောင်အောင့် မှာ ရည်းစားရှိတယ်လို့ ကြားထားပြီးသား။ ကျွန်မကလည်း သူ့ကိုအတည်တွဲမှာမှမဟုတ်တာ။ အရင်ရည်းစားနဲ့ ပြတ်ပြီး စိတ်လေနေတုန်း ခဏအပျော်ရှာတာ။ ပန်းနုသွယ်ဆိုတဲ့မိန်းမက တစ်ယောက်နဲ့ပြတ်လည်း နောက်မှာ အဆင်သင့် တန်းစီနေတဲ့သူတွေရှိပီးသားဆိုတာ......တချို့တချို့သောသူတွေကိုသိစေချင်လို့သာ အောင်အောင်နဲ့ ကောက် တွဲပြလိုက်တာ။

အိပ်ခန်းထဲပြန်ရောက်တော့ ခေါင်းလျှော်ထားတဲ့ ဆံပင်တွေ dryer မှုတ် ပုံသွင်းပြီး မျက်နှာကို သေသေချာချာ လှလှပပ ဖြစ်အောင်ပြင်လိုက်တယ်။ ဘာဝတ်ရမလဲရွေးတော့ မိန်းကလေးတို့ ထုံးစံအတိုင်း တစ်ခုမှစိတ်တိုင်းကျ ထွက်မလာဘူး။ နောက်ဆုံးတော့ bossini ပန်းရောင်နုနုတီရှပ်လေးနဲ့ အောက်က ဂျင်းစကပ်အတိုလေးပဲ ကောက်ဝတ်လိုက်တယ်။ ပေါ့ပေါ့ပါးပါးပဲသွားမှာဆိုတော့လေ။ အဝတ်တွေဝတ်ပြီးကာစရှိသေး အောင်အောင့်ဆီက ဖုန်းလာနေပြီ။

"ဟလို ပန်းနု ငါရောက်နေပီ နင်တို့လမ်းထိပ်မှာကားရပ်ထားတယ်"

"အေးအေး ပီးရော ငါလာခဲ့မယ်ခဏလေးစောင့်အုံး"

အမှန်တော့အကုန်ပြင်ဆင်ပြီးနေပြီ။ ဒါပေမဲ့ သူနဲ့တွေ့ဖို့စိတ်တွေစောပြီး ကြိုပြင်ထားတယ်ဖြစ်မှာဆိုးလို့ ၁ဝမိနစ်လောက်ရှိမှ အိမ်ကထွက်လိုက်တယ်။  Fancy အိတ် ခပ်သေးသေးတစ်ခုလွယ်ပြီး စကပ်အတိုနဲ့ လှုပ်လီလှုပ်လဲ့ လျှောက်လာတဲ့ကျွန်မကို အောင်အောင်ကပြုံးပြုံးကြီးအရသာခံကြည့်နေတာ မသိချင်ယောင်ဆောင်ပြီး သူ့ကားပေါ်တက်လိုက်တယ်။ ဝိုး.........သူကလည်းအရမ်းမိုက်နေပါလား...။ နှုတ်ခမ်းမွှေးခပ်စစနဲ့ ကတုံးဆံပင်ပေါက်သူ့ပုံက ကျွန်မကြိုက်တဲ့ Jason statham နဲ့တောင် တူနေသလိုလို...။ တီရှပ်အနက်ရောင်က သူ့ရဲ့ဝင်းဝါစိုပြေတဲ့အသားအရေနဲ့ အရမ်းလိုက်ဖက်နေတယ်။ အကျီလက်တိုအောက်က လက်မောင်းကြွက်သားတွေက GYM အသွားမပြတ်ဘူးဆိုတာ သိသာထင်ရှားနေတယ်။ မိုးခပ်အုံ့အုံ့ဖြစ်နေတဲ့နေ့မှ နေကာမျက်မှန်ကြီးတပ်ပြီး ဂိုက်ပေးလာတာကတော့ သိပ်အမြင်မတော်လှဘူး။ သူကတော့ စားတော့မလိုဝါးတော့မလို အသံနဲ့လူတစ်ကိုယ်လုံးသိမ်းကျုံးကြည့်ပြီး...........

"ပန်းနု..နင်အရမ်းမိုက်တယ်ကွာ...........သိလား"

"အေး..သိတယ်..ဒါပေမဲ့ ငါမုန့်ဖိုးမရသေးဘူးဟ........နင်မုန့်စားချင်ရင် တစ်ရက်နှစ်ရက်တော့စောင့်အုံး"

"မလိုပါဘူးကွာ...ကိုယ့်ရဲ့Aphrodite လေးကို ကိုယ်က ဒီတစ်ရက်တော့ ရေမီးအစုံနဲ့ပြုစုဖို့ လာခေါ်တာလေ"

သူ့စကားကို ဟာသလုပ်ပြီးခပ်ပေါ့ပေါ့ ပြန်ပြေလိုက်ပေမဲ့ ရေမီးအစုံဆိုတဲ့စကားကြောင့် ကျွန်မတွန့်ခနဲတစ်ချက်ဖြစ်သွားတယ်။

"နင် အခုဘယ်သွားချင်လဲပြောလေ"

"သိဘူး...........ငါ breakfast မစားရသေးဘူးဆိုတော့ စားလို့ရမဲ့တစ်ဆိုင်ဆိုင်သွားပေါ့"

ဒီလိုနဲ့ကျွန်မတို့နှစ်ယောက် ကန်တော်ကြီးထဲက ဆိုင်တစ်ဆိုင်မှာမနက်စာစားဖြစ်တယ်။ ပြန်ထွက်လာတော့ အထဲမှာ လမ်းလေးဘာလေးလျှောက်ရင်းစကားပြောကြတာပေါ့။ ကံဆိုးချင်တော့ မိုးက ဗြုန်းဒိုင်းဆို ရွာချပါလေရော။ နှစ်ယောက်လုံး ထီးမပါကြတော့ နဲနဲအလှမ်းဝေးနေတဲ့ကားဆီကို ပြေးသွားရင်း မိုးတွေစိုရွှဲကုန်ကြတယ်။ ကားထဲက အဲကွန်းကြောင့် နှစ်ယောက်သားခိုက်ခိုက်တုန်အောင်ချမ်းရင်း နောက်ဆုံး...အဝတ်လဲလို့ရမဲ့သူ့တိုက်ခန်းဆီပဲ ပြန်မောင်းလာဖြစ်တယ်။ သူကတိုက်ခန်းရှေ့မှာ သော့ထုတ်ပြီးဖွင့်တော့...

"ဟဲ့..နင့်အိမ်မှာဘယ်သူမှမရှိကြဘူးလား"

"အေး..ဒီအချိန်ဆို ငါ့မားသားရော ငါ့အကိုရောအလုပ်သွားကြပြီလေ"

အောင်အောင်တို့မိသားစုက mini mart လေးတစ်ခုဖွင့်ထားတာ ကျွန်မသိပါတယ်။ ဘယ်သူမှ မရှိဘူးဆိုတဲ့ အသိကြောင့် ကျွန်မခြေလှမ်းတွေတံခါးဝမှာတုံ့ဆိုင်းသွားတယ်။

"ဘယ်သူမှမရှိကြဘူးဆိုတော့ ငါဝင်လို့ကောင်းပါ့မလားဟယ်"

"အာ...ဘာမှမဖြစ်ပါဘူးဟ...ဘာလဲနင်က ဒီအပြင်မှာအဝတ်လဲချင်လို့လား"

မထူးတော့ဘူးဆိုတဲ့စိတ်နဲ့ အောင်အောင်ဖွင့်ပေးထားတဲ့တံခါးဆီ ခြေလှမ်းလိုက်တယ်။ တော်တော်ကျယ်တဲ့တိုက်ခန်းပါပဲ။ သပ်သပ်ရပ်ရပ်လည်းရှိနေတော့ သူ့မားသားက အတော်စည်းကမ်းရှိမဲ့ ပုံပဲလို့ တွေးလိုက်မိတယ်။ အောင်အောင်က ကျွန်မကို လက်ဆွဲပြီး သူ့အခန်းထဲတန်းခေါ်သွားတယ်။

"ငါ့အဝတ်တွေခနယူလဲလိုက်နော်..........နင်မဝတ်ချင်လဲ မားသားကြီးအဝတ်ပဲရှိတာဟ... နင်ဝတ်လိုက်ရင် အဘွားကြီးအိုပေါက်စလေးဖြစ်နေလိမ့်မယ် ဟီးဟီး"

ပြောရင်းဆိုရင်းအောင်အောင်က သူ့ရှပ်အကျီနဲ့ ပုဆိုးတစ်ထည် ဗီရိုထဲက ထုတ်ယူနေတယ်။ သူ့မားသားအဝတ်တွေ ယူဝတ်လို့လည်းမကောင်းဘူးလေ။ သူသိသွားရင် အိမ်မှာဘယ်သူမှမရှိတုန်း ကျွန်မလာတာကို checking လိုက်နေတော့မှာ။ အောင်အောင်ပေးတဲ့အဝတ်တွေကို လဲပြီး အပြင်ထွက်လာတော့ အောင်အောင်က သူအဝတ်လဲဖို့အခန်းထဲပြန်ဝင်သွားတယ်။ ဧည့်ခန်းမှာထိုင်နေတုန်း အခန်းထဲကသူပြန်ထွက်လာတော့ တဘက်တစ်ထည်ယူလာပြီး ကျွန်မဘေးနားကပ်ထိုင်ရင်း ကျွန်မဆံပင်တွေကို သုတ်ပေးနေတယ်။ အောင်အောင့်ရေမွှေးနံ့သင်းသင်းလေးက ကျွန်မနှာခေါင်းကို ကလူကျီစယ်ပြုနေသလိုပဲ။ နှစ်ယောက်သားရင်ခုန်သံတွေမြန်လာတယ်။ အောင်အောင်က ကျွန်မခေါင်းကိုသူ့ဘက်ဆွဲလှည့်လိုက်ပြီး ပြင်းပြတဲ့ ရမက်အနမ်းတွေနဲ့ ကျွန်မနှုတ်ခမ်းကို ရှိုက်နမ်းလိုက်တယ်။ ကျွန်မလည်း သူ့အနမ်းတွေကို အလိုက်သင့်ခံယူပြီး တုံ့ပြန်မိသွားတယ်။ ဖိုနဲ့မ အထိအတွေ့က စိတ်ကိုသာယာလှုပ်ရှားစေတတ်တယ်မဟုတ်လားနော်။

အောင်အောင်ကကျွန်မကိုဖက်ပြီး ဆိုဖာပေါ်လှဲချလိုက်တယ်။ နှုတ်ခမ်းတွေ လည်ပင်းတွေ ကို စုပ်နမ်းရင်း ကျွန်မဝတ်ထားတဲ့ ရှပ်အကျီကြယ်သီးလေးတွေ သူ့လက်ချက်နဲ့ တစ်ခုပြီးတစ်ခုပြုတ်ကုန်ပြီ။ ကျွန်မသူ့ကိုတွန်းထုတ်လိုက်တယ်...။ ဒီလောက်ထိ ခရီးဆက်ဖို့မရည်ရွယ်ပါဘူး..။ ဒါပေမဲ့ အမှန်တိုင်းပြောရရင် သူ့ရဲ့ တောင့်တင်းထွားကျိုင်းတဲ့ကိုယ်လုံးကိုကြည့်ချင်မိတယ်။ သူကလည်း ကျွန်မဆန္ဒကိုမပြောဘဲသိသွားလား မသိဘူး...။ ကိုယ်ကိုပြန်မတ်လိုက်ပြီး သူ့အကျီကို ခေါင်းကနေဆွဲချွတ်လိုက်တယ်။

ဘွားကနဲပေါ်လာတဲ့ ကြွက်သားစိုင်တွေနဲ့ ကျစ်လစ်တဲ့ ကိုယ်အပေါ်ပိုင်းက ကျွန်မကို တင်္ဒဂ မင်သက်မိသွားစေပါတယ်။ မိုးတိတ်ကာစ ပြတင်းပေါက်က ဝင်လာတဲ့ နေရောင်နုနုအောက်မှာ အောင်အောင့်ခန္ဒာကိုယ်က ရောမနတ်ဘုရားရုပ်တု တစ်ခုအလား ဝင်းဝါခန့်ညားနေတယ်။ ဖြစ်နိုင်ရင်ဓာတ်ပုံတောင်ရိုက်ထားလိုက်ချင်တယ်...တကယ်။ အောင်အောင်က မတ်တပ်ရပ်လိုက်ပြီး သူဝတ်ထားတဲ့ ဘောင်းဘီကိုပါ ချွတ်ချလိုက်တယ်။ ကျွန်မရှက်စိတ်လေးနဲ့ခေါင်းငုံပြီး သူ့ခြေထောက်ကနေစကြည့်မိတယ်။ ခြေသလုံးကြွက်သားတွေ ပေါင်ကြွက်သားတွေကလည်း အရမ်းအကြီးကြီးမဟုတ်ဘဲ  အပေါ်ပိုင်းနဲ့လိုက်လိုက်ဖက်ဖက်ရှိနေတယ်။ အဲ့ဒီကနေမှ အပေါ်ကို တဆင့်တက်ကြည့်မိတော့..............

"အွန်"

ဘာမှန်းညာမှန်းမသိတဲ့ မသဲမကွဲအာမေဍိတ်သံတစ်ခုက ကျွန်မနှုတ်ဖျားက ထွက်သွားတယ်။ နှုတ်ခမ်းနှစ်ခုကို တင်းတင်းစေ့ပြီးခေါင်းငုံ့လိုက်တဲ့ကြားက ရီချင်စိတ်က လှိုက်လှိုက်တက်လာတယ်။ အောင်အောင်ဆိုတဲ့ နတ်ဘုရားရုပ်တုကြီးကို ထုတဲ့ပန်းပုဆရာရယ်............အိပ်ငိုက်ပြီးပဲ လက်ဆ လိုသွားလား... တမင်တကာပဲ perfect မဖြစ်အောင် ထုဆစ်ပေးလိုက်သလားမသိပါဘူး။ ထွားကျိုင်းတောင့်တင်းလှတဲ့ အောင်အောင့်ကိုယ်လုံးကြီးနဲ့ မလိုက်ဖက်စွာပဲ သူ့ပစ္စည်းက အရွယ်မရောက်သေးတဲ့ကလေးသာသာရယ်။ အော်..မိပန်းနု မိပန်းနု...... အထင်ကြီးမိလေအုံးဟဲ့...လို့ ကိုယ့်ဘာသာကျိတ်ရေရွတ်ရင်း မျက်နှာပိုးကိုသတ်လိုက်ပြီး အောင်အောင့်ကိုမော့ကြည့်လိုက်ရင်း...."နင်..ဘာလုပ်မလို့လဲ"လို့ မသိနားမလည်တဲ့ပုံလေးနဲ့မေးလိုက်တယ်။

အောင်အောင်လည်း ဆိုဖာပေါ်ပြန်ထိုင်လိုက်ရင်းက (အခုမှဒါမျိုးမေးတာကိုမယုံကြည်နိုင်တဲ့မျက်နှာနဲ့)

"ချစ်မလို့လေဟာ...နင်ကလည်း........ငါတို့ချစ်ရအောင်နော်"

"အို....ဟင့်အင်းဟင့်အင်း မဖြစ်ပါဘူး......"

"ဟမ်...ဘာဖြစ်လို့လည်းပန်းနုရယ်........နင်ကလည်း ခုမှ..."

"ငါ..ငါမှားသွားတယ်အောင်အောင်ရယ်.......နင့်မှာရည်းစားရှိမှန်းသိရက်နဲ့ တခဏသာယာပြီးစိတ်အလိုလိုက်မိတာ... နင့်ရည်းစားသိသွားရင် ဘယ်လိုလုပ်မလဲ......မဖြစ်ပါဘူးဟာ...ဒီမှာပဲတော်လိုက်တော့နော်"

"အာ.......မတော်ပါဘူး.......ပန်းနုကလည်းကွာ....သူမသိနိုင်ပါဘူး...ငါကဒီမှာ အရမ်း...ဟိုဟာဖြစ်နေပြီဟ"

ဟိဟိ.......ဟိုဟာဖြစ်နေတဲ့ဟာကလည်း ခုနကနဲ့ဘာမှထူးမလာပါဘူး။ဟီးးး ကျွန်မအဝတ်အစားတွေပြန်ဝတ်ပြီး မျက်နှာထားတင်းတင်းနဲ့အောင်အောင့်ကို ကြည့်လိုက်ရင်း.......

"ဒီမယ်.....သူမသိနိုင်ဘူးဆိုတိုင်း နင်ကသူ့ကွယ်ရာမှာ သစ္စာဖောက်တော့မှာလား....ငါကတော့ဒါမျိုးမလုပ်နိုင်ဘူး... နင်ရှေ့ဆက်တိုးမယ်ဆို သူ့ဖုန်းနံပါတ် ငါ့မှာရှိတယ်....ငါအကုန်ပြောပြလိုက်မှာ.....ဒါပဲ"

ပြောမိပြောရာပြောလိုက်တဲ့စကားက အောင်အောင့်အရှိုက်ကိုထိသွားတယ်။ သူလည်း ကျွန်မနဲ့မသေချာဘဲ လက်ရှိရည်းစားနဲ့တော့ပြတ်ချင်မှာမဟုတ်ဘူးလေ။

"အေးပါဟာ...ပြီးရော ပြီးရော အဲ့ဒါဆိုလည်း..."

မကျေမနပ်နဲ့အကျီတွေပြန်ကောက်ဝတ်နေတဲ့သူ့ကို ကျွန်မပြုံးပြုံးကြီးကြည့်ပြီးပြောလိုက်တယ်။

"ကဲ...ငါ့ကိုအိမ်ပြန်ပို့တော့....ဟိဟိ"

No comments:

Powered by Blogger.