Header Ads

ဟုတ်ကဲ့ ဒေါ်လေး

 

   ခရစ်စမတ်နေ့ မရောက်ခင် တစ်ပတ်လောက်အလိုကထဲက တစ်ဖက်မြို့က ညီလေးတစ်ယောက်ကို ကျနော့်အိမ်မှာ ချိန်းထားလိုက်မိတာဗျ။
အမြည်းလေးဘာလေးဖွယ်ဖွယ်ရာရာ လုပ်ထားမယ်။ ဂျာမန်ဆတ်ချိုနုတစ်လုံးရယ်၊ဂျက်ကြီးတစ်လုံးရယ် ဝယ်ထားမယ် နင် ခရစ်စမတ်နေ့ကြရင် ဆေးရုံမသွားရဘူးထင်တယ် အားတယ်မလားလို့လှမ်းမေးထားလိုက်တော့ အားတော့ အားတယ် အကိုဖိုးသက် ဒါမယ့် အဲ့နေ့ကျရင်
ဘတ်စ်ကား၊ရထား ဘာမှအသွားအလာမရှိတော့ ဘယ်လိုလာရမလဲဗျတဲ့။ ဒင့်မေကလွှား! နင့်မှာကားရှိနေတာ မောင်းလာပါလား ၂နာရီလောက်ပဲမောင်းရမှာ ပျင်းမနေနဲ့ နင်မလာရင် ငါ့မှာ တစ်ယောက်ထဲ ဂိုင်စီဂွေးနေရုံပဲရှိတော့တာ ပျင်းတယ် လာခဲ့ဆိုပီး အတင်းခေါ်လိုက်တယ်။
အဲ့ဒီချာတိတ်က ဆ/မ ဖြေပီးအောင်လို့ ဆေးရုံမယ်ထရိန်နင်ဆင်းနေတဲ့ ဆရာဝန်ပေါက်စဗျ။

                    ဒါနဲ့ ခရစ်စမတ်နေ့ညနေ ဖက် ဒီကောင်ပေါက်ချလာကော ဆိုပါတော့။
အမြည်းတွေဘာတွေ ၄-၅ပွဲနဲ့ ရေခဲ၊အချိုရည်ဗူး၊ဆော်ဒါ ဘာညာအသင့်ပြင်ထားပီးသား ထိုင်စောင့်နေတာဆိုတော့ကာ ဒီကောင်ရောက်လာတာနဲ့ ကိုင်း! ချစို့ ငါ့ညီ အကုန်လယ်ဒီပဲပေါ့။ အဲ့မှာ သကောင့်သားက ဘာထဖောက်လဲဆိုတော့ ကျနော်မသောက်ချင်ပူးတဲ့။ အမြည်းလေးဘာလေး
တော့စားမယ်အကိုရာ အကို့ဖာသာချပေတော့ဆိုပီး လုပ်လာတယ်။ ကျနော်ဖီးလ်ကျဲပီပေါ့ဗျ။ ၂ယောက်သား အမူးသောက်ဖို့အားခဲထားပါတယ်ဆိုမှ အဲ့လိုထဖောက်လာတော့ ပင်ပင်ပမ်းပမ်းပြင်ဆင်ထားသမျှအလကားလားဗျာခွီး။ ဒါနဲ့ ဘာဖြစ်တာတုံးဆိုတော့။ ဘာမှမဖြစ်ပါဘူး သောက်ချင်
စိတ်ကိုမရှိလို့ပါ အကိုရာတဲ့။ ဒါဆိုလဲ ရီးဖြစ်လို့ ငါချိန်းတုံးက တက်တက်ကြွကြွ လုပ်လိုက်လေ ကြာသလားတွေဘာတွေပြောခဲ့တာတုံးဆိုပီး ကလော်ဆဲလိုက်တယ်။ မျက်နာငယ်လေးနဲ့ အရက်သောက်ရင် မတော်မနန်းတွေလုပ်မိတတ်တာမို့ ကျနော်မသောက်ရဲတော့ပါဘူးအကိုဖိုးသက်ရာဟင်းး
ဆိုပီး သက်ပြင်းတွေချ မျက်နာက ပျက်သွားတယ်။ ဒါနဲ့ လူကဲခတ်မညံ့တဲ့ ကျနော်က တစ်ခုခုတော့တစ်ခုခုပဲဆိုတာ ရိပ်မိလိုက်ပီ။ ဘာမှဆက်မမေးတော့ပဲ ကိုယ့်ဖာကိုယ် ပုလင်းဖွင့်ပီး အချိုရည်လေးရေခဲလေးနဲ့ ဆတ်ချိုနု ၂ပက်လောက်ကိုင်လိုက်ပီး အမြည်းလေး အကြော်အလှော်လေး နှိုက်
တပြတ်ပြတ်နဲ့ ဆွဲနေလိုက်တယ်။ ဒဒေါင်းဇားလေးက ဘာပြုတယ်ညာပြုတယ်ဆိုပီးသာ အကြောင်းပြနေတာ ကျနော့် သောက်ပုံ အရသာခံပုံတွေကြည့်ပီး ဘေးကနေ သွားရည်ယိုနေပုံရတယ်ဗျအဟီး။ ဒါနဲ့ ကျနော့်တတိယမြောက်ခွက် အထည့်မှာ မထူးပါဘူးဗျာ ကျနော့်လည်းထည့်ပေးအကိုတဲ့။
ချမယ်တဲ့။ ဟာ ခုမှဆိုရင်တော့ မင်းငါ့ကို လိုက်မမီပဲနေမယ်  ရော့ရော့ ဒက်ဗယ်ရှော့ထ် လိုက်ဆိုပီး နှစ်ပက်စာ တစ်ခါထဲထည့်ပီး မီးထိုးပေးလိုက်တယ်ဟိဟိ။ မငြင်းဘူး ယူပီး ဂလုတယ်။ နောက်ထပ်တစ်ခွက်လည်း ချပီးကော ဒီကောင့် အနေအထားက တော်တော်အာသွက်စပြုလာပီ။ အဲ့ဒီတော့
မှ မသိချင်ယောင်ဆောင်ပီး စ အစ်တော့တာပေါ့။

                    ဒါနဲ့ နေပါဦး နင်ခုနင်က ပြောတာ ဘာပြုတယ်? အရက်သောက်ရင် မတော်မနန်းတွေလုပ်မိတတ်တယ်ဆိုလား အဲ့ဒါဘာတုံးဟ?
                    မလုပ်ကောင်းတာတွေလုပ်မိတတ်တယ်လို့ဆိုလိုတာပါ ကိုဖိုးသက်ရာ
                    အရက်နဲ့ဘာဆိုင်တုံး သောက်ရူးလေးရ .. ဥပမာ ငါ့ကိုကြည့်.. ငါက မူးလေလေ ယဉ်ကျေးလေလေ... အမှားနည်းလေလေဟဲဟဲ.. သတိတောင်ပိုကပ်လာသလိုလိုပဲ..
                    အမြည်းနှိုက်တာတောင် ဇွန်းနဲ့ပန်းကန်ခတ်မိသံတစ်ချက်မထွက်ပူး.. တွေ့တယ်မလား
                    ဒါကတော့ တစ်ယောက်နဲ့တစ်ယောက်မှ မတူတာကြီးကိုး ကျနော့်ခန္ဓာကိုယ်က မူးလာရင် တုံ့ပြန်ပုံက တစ်မျိုးရယ်
                    နင်မူးရင် ဘာဖြစ်တတ်လို့တုံးဟ
                     အပေါက်ရှာတာဗျ 
                    ဟမ်! ဒင့်မေကလွှား ဘာတုံးဟ
                     လောင်တီးလာတာဗျာ တွေ့ကရာမိန်းမနဲ့ အိပ်ချင်လာတာကိုပြောတာ
                    ဟီး! နင်ပြောမှငါတောင်ဖင်ကြိမ်းလာတယ် ခွီး ဒီညတော့ ကိုယ့်အိမ်ကိုယ်ပြန်အိပ်ပါ ကိုကို ... ဒါနဲ့ နင်မူးပီး ဘာမဟုတ်တာလုပ်မိလို့တုံး ... နင့်ဆေးရုံက နာ့စ်မ
                    အမဲမတုတ်ပေါကြီးကို ဘာဂျာမှုတ်ခဲ့မိလို့လား ဟီဟိ
                    အဲ့ထက်ဆိုးတယ် အကိုဖိုးသက်ရာ .. ကျနော်တော့ သေချင်တာပါပဲဗျာ :(
                    ဇာတ်လမ်းပဲ သေတောင်သေချင်ရတယ်ဆိုတော့ကာ ဘာကိုတက်အုပ်လိုက်မိတာလဲ "မိုင်လို" ကို လား အဟီးဟီး ပြောစမ်းပါဦးဟ
                    ဘာတုံး "မိုင်လို" ခင်ဗျာ့ဟာက ဘာတွေမှန်းမသိဘူး စိတ်ညစ်ရတဲ့ အထဲဗျာ ကျနော့်ကို အထင်တော့မသေးပါနဲ့ဗျာ ကျနော်သူများမယားနဲ့ဖြစ်ခဲ့မိပီ ဒုသနသော..
                    သွားပါလေရောလား
                    ဟေ! (ဒီချာတိတ်ကလေးက ရုပ်ရည်သန့်သန့်ပြန့်ပြန့်လေးရယ် ဆော်ကြည်တဲ့ရုပ်ကလေးဆိုပါတော့ဗျာ ဒါနဲ့တောင် ဘယ်လိုလုပ် ဒီလိုဇာတ်လမ်းတွေဖြစ်ကုန်ရတာလဲ
                   ဆိုပီး ကျနော်လည်းအံ့ဩသွားတယ်ဆိုပါတော့)
                    ကျနော်ရှက်တယ်ဗျာ ကိုယ့်လိပ်ပြာကိုယ်မလုံတော့ဘူး အကိုဖိုးသက်ရာ (ပြောပြောဆိုဆိုနဲ့ နောက်တစ်ပက်ထပ်ထည့်ပီး ချပြန်တယ် ဇာတ်ရှိန်တက်လာပီ)
                    ဒါတွေက ဖြစ်တတ်ပါတယ် ညီလေးရာ ဖြစ်ပီးမှတော့ ဘာတတ်နိုင်မှာတုံးဟ ပြောစမ်းပါဦး ဘယ်သူနဲ့ဘယ်လိုဖြစ်ကုန်တာတုံး "ဒေါ်နန်းရွှေကြာ" နဲ့လားအဟီး
                    လာပြန်ပီ ဘယ်သူ့ကို ပြောတာလဲ "ဒေါ်နန်းရွှေကြာ" ဆိုတာ?
                    ကိုသာဒင့်ဇာတ်လမ်းထဲက ဘွားတော်လေဟီဟိ နင်မသိရင်လည်း ထားလိုက်တော့ ငါနောက်နေတာ.. ပြောပြောဆက်ပြော .. ဘယ်သူနဲ့သွားဖြစ်ခဲ့ရတာတုံး
                    အကိုဖိုးသက် နှုတ်လုံပါစေနော်.. (လေသံကိုနိမ့် ပီး ဘေးဘီဝဲယာကို ကြည့်လိုက်သေးတယ် ဘယ်သူကြားမှာလိုက်လို့ မအေဘေးလေးမူးနေပီဗျ) ဒေါ် ...
                    "ဒေါ်ခင်အေးဟန်" နဲ့ဗျ တမြန်တနေ့က လက်လွန်ခဲ့တာ.. ဖူးးးးးး
                    တိန်!

                    ကျနော့်မှာ မျိုချနေတဲ့ အရက်တွေတောင် နင်သလိုလိုဖြစ်သွားတယ်ဗျာ။
သူပြောလိုက်တဲ့ ဘွားတော်ကြီးကို ကျနော်ကောင်းကောင်းသိနေတာကိုး။ သူတို့မြို့ကဗျ။ လန့်တောင်လန့်သွားတယ်။ ဟိုက သူ့ကြီးဒေါ် အရွယ်လောက်ရှိတာကြီးဗျာ။ ယောကျာ်းလည်းရှိတယ်။ အသက်က ငါးဆယ်တန်းလောက်ရောက်နေတဲ့ဟာကြီး။ အင်မတန်မောက်မာပီး ဗမာချင်းချင်းတောင်
သိပ်မဆက်ဆံချင်တာလိုလိုဘာလိုလိုနဲ့ ကျနော်နဲ့မျက်နာကြောကိုသိပ်မတည့်တတ်ဘူး။ အဘွားကြီးက ဒီတိုင်းပြေရောက်နေတာ နှစ်ပေါင်း၂ဝလောက်ရှိနေပီဗျ။ အလုပ်အကိုင်က ခပ်ကြီးကြီးရှိတဲ့အပြင် အိမ်၁ဝလုံးလောက်ပိုင်တယ်။ အဲ့ဒါတွေကိုငှါးစားထားတဲ့အပြင် လင်ကောမယားပါ အဆင့်မြင့်မြင့်
ရာထူးတွေနဲ့ဆိုတော့ ဘယ်သူ့မှလူမထင်တဲ့ စတိုင်တွေနဲ့ရယ်။ ဘွားတော်ကြီးက အသက်ကြီးနေပေမယ့်လို့ သိတဲ့အတိုင်း နိုင်ငံရပ်ခြားရောက်နေတာကြာနေတဲ့ ဘွားတော်တွေစတိုင်အတိုင်း ရုပ်ကတော့ ခပ်နုနုရယ်လေ။ သူတို့လင်မယားမှာ သားသမီးလည်းမထွန်းကားဘူး။ သောက်ပေါက်ဆိုးပီး မောက်မာ
လွန်းတဲ့ အဲ့ဒါကြီးနဲ့ ဒီချာတိတ်ဘာတွေဘယ်လိုဖြစ်ကုန်ကြတယ်မသိဘူး။ ခုဒီကောင်ရင်ဖွင့်နေပုံအရ လက်လွန်ခြေလွန်တွေဖြစ်ထားပုံရတာမို့  ကိုယ်ကလည်း ကုန်ကြမ်းရပီဆိုပီး မသိမသာလေး အင်တာဆက်ဗျူးတော့တာပေါ့ ညီအကိုတို့ရာ။ (ဝါသနာကိုမတားနဲ့ရှင်ရယ်ပေါ့အဟီး)

                  နက်ဖန်ဆက်ရေးမယ် ညီအကိုတို့။
တစ်ပို့စ်ထဲ အပြတ်ရေးမလို့ဟာ မထင်မှတ်ပဲ မိုးနည်းနည်းချုပ်သွားလို့ အိပ်ငိုက်လာပီ။ ဆောရီးပဲ :D
မတိုမရှည်လေးဖြစ်သွားမလားပဲ
chann

No comments:

Powered by Blogger.