Header Ads

အိပ်မက်တခု ပြိုလဲခြင်း

 

ဖားပြုပ်ကြီး ..... ကဲ ..ဟာ ....
...
...
အောင်မလေး သေပါပီဗျ ....
........................................။.............................................
အထက်ပါ အဖြစ်အပျက် တွေရဲ့ မူလ အစကို ကျနော် ပြန်ပြောပြရမယ် ဆိုရင်တော့  ...


ဒီလိုဗျ ..
ကျနော်နဲ့ ကျနော့် သူငယ်ချင်း နယ်ကနေ ရန်ကုန်ကို ကြုံရာကျပန်း လုပ်မယ်ဆိုပြီး တက်လာ တာ ကနေ စရမယ်။
ကျနော်နဲ့ ကျနော့်သူငယ်ချင်းကတော့ မိရိုးဖလာ လယ်လုပ်ငန်းကို မလုပ်ချင်လို့ နယ်ကနေပီးတော့ စီးပွားရေးမြို့တော်လို့ခေါ်တဲ့ မဟာရန်ကုန် ဆီကို ပြောင်းလာပြီးတော့ အလုပ် လာလုပ် ကျတာပေါ့ဗျာ။

ပထမ ရည်မှန်းချက်ကတော့ အလုပ်တခု အရင် ရဖို့ပဲဗျ။
ဒုတိယကတော့ ဒီမှာ သူဌေး ဖြစ်အောင် လုပ်ဖို့ပဲဗျ။

ဒီလိုနဲ့ ကျနော်တို့ ၂ ယောက် ဆောက်လုပ်ရေး လုပ်ငန်းတခုမှာ အလုပ်ကြမ်း အလုပ်တခု ရရော ဆိုပါတော့ဗျာ၊
တနေ့ တနေ့ သယ်လိုက်ရတဲ့ အုတ်၊ သယ်လိုက်ရတဲ့ မဆလာ လို့ခေါ်တဲ့ ဘိလပ်မြေ ဖျော်ထားတာတွေ ...
အိုး ... ပြောမနေနဲ့တော့ စလုပ်ကာ စမှာကို အတော် ပင်ပန်းတာ ပါလား ဗျ။
ကိုယ်တွေ လက်တွေ ကိုက်ခဲလို့ တကိုယ်လုံးကိုဗျာ ကိုင်ရိုက်ထားသလိုပဲ ပင်ပန်းချက်များ။

ဒီတော့ ပြောရရင် ရန်ကုန်ရောက်တာ နဲနဲကြာလာတော့ လူရည်ကလည်း လည်လာပြီ အပေါင်းအသင်း တွေကလည်း စုံလာပြီ ဆိုတော့ ဟိုဟာနည်း နည်း ဒီဟာ နည်းနည်း သောက်တတ် လာပီလေ။ ပိုက်ဆံရှိတဲ့နေ့ဆို ကောင်းကောင်း သောက်ပြီးတော့ သိပ်မရှိတဲ့နေ့ ဆိုရင်တော့ နီးနီးနားနား လိုင်စင်မဲ့ ရောင်းတဲ့ ဆိုင်လေးမှာပဲ ကျနော်တို့ သူငယ်ချင်း ၂ ယောက် ကစ်လိုက်ကျတာပေါ့။
ကျနော့် အခန်းလည်း ခပ်သေးသေးပါ ကျောတခင်းစာ နေရာလေးပေါ့ အဲ့ဒါကို သူငယ်ချင်း ၂ ယောက် တယောက်တဝက် စုငှားပြီး နေတာပေါ့ဗျာ။ ကြမ်းပြင်ပေါ် ဖြာလေး ခင်းပြီး ခြင်ထောင် ကြီးကြီး တလုံးထဲ ၂ ယောက်ပေါင်း အိပ်ကျတာပေါ့။

အခန်းကျဉ်းလေးမှာပဲ ဘဝ ကို စတင်ရတာပေါ့ဗျာ ... ခစ် ခစ် ခစ်
လေကြီး လေကျယ်တွေ ပြောတယ်လို့တော့ မမြင်ပါနဲ့ဗျ။ လူဆိုတာ ဒီလိုကနေပဲ ဘဝ ကို စတင်ရမယ် မဟုတ်လား ဒါမှ အောက်သက်ကြေမယ်လေ၊ ကျနော်ကတော့ လက်ရှိ ဘဝလေးကို ပျော်ပါတယ်။ ဒါပေမယ့် သူဌေးဖြစ်ချင်တဲ့ ရည်မှန်းချက် လေးကိုတော့ မစွန့်လွတ်ချင်ဘူး၊ ဘဝမှာ ကြိုးစား ရုန်းကန်ပြီး သူဌေးဖြစ်အောင် လုပ်ဖို့ စိတ်ကူး ကျနော့်မှာ ရှိတယ်။

နောက်ပြီးတော့ အဟီး ကျနော် ရည်းစားလည်း လိုချင်သေးတယ်ဗျ ခိ ခိ  ခိ ခင်ဗျားတို့ မရီကျနဲ့နော် ... ကျနော်က အသက် ၂ဝ ကျော်လာပေမယ့် အခုထိ ရည်းစားလည်း မရှိသေးဘူး၊
အာ နယ်က ကောင်မလေးတွေတော့ ကျနော် သဘောမကျပါဘူးဗျာ၊ ဘာလို့လည်း ဆိုတော့ နယ်မှာ ရည်းစားထား အိမ်ထောင်ကျရင် နယ်မှာပဲ လယ်လုပ်ပြီးနေရတော့မှာလေ အဲ့လိုတော့ ကျနော် မဖြစ်ချင်ဘူးဗျ ဘာပဲပြောပြော ကျနော့်ကို ဖင်ခေါင်းကျယ်တယ်ပဲ ဆိုဆို ကျနော်က အမြင့်မှန်းထားတာ၊ ဟုတ်တယ်လေ စကားပုံတောင် ရှိသေးတယ်လေ " လူနေခြုံကြား စိတ်နေ ဘုံဖျား " ဆိုပြီး မဟုတ်လားဗျ၊ အဲ့တော့ ကျနော် ဒီလို စိတ်ထားတာ မမှားပါဘူးဗျ နော။
ကျနော့် သူငယ်ချင်းလား ... သူကတော့ဗျာ ကျနော်နဲ့ ပြောင်းပြန်ဗျ ... တကယ့်ကောင်  ...
အလုပ်တော့ လုပ်ပါရဲ့ ရည်မှန်းချက်လား သူ့ သွားမေးရင် ... ခင်ဗျားကိုတောင်မှ အူကြောင်ကြောင်နဲ့ ပြန်ကြည့်ပြီး ...
ဘာတွေလာပြောနေလဲ ... ဆိုတဲ့ အထာနဲ့ ကြည့်လွတ်လိမ့်မယ်ဗျ၊
သူက ခင်ဗျားတို့ ရန်ကုန်မှာ သုံးနေတဲ့ စကားလေ ဘာတဲ့ " အူကြောင်ကြား " ဆိုလား ဘာလား ဗျာ ခိ ခိ  အဲ့လို လူစားမျိုး ...  ဒါပေမယ့် ကျနော့်ကိုတော့ အရမ်းခင်တယ်၊
ကျနော် ရန်ကုန်တက်လာမယ် ဆိုတော့ သူပါ လိုက်လာတာ။
ဒီရောက်တော့လည်း ကျနော် လုပ်သမျှ မညည်းမညူ လိုက်လုပ်ပေးရှာပါတယ်ဗျာ။

တကယ် ခင်ဖို့ ချစ်ဖို့လည်း ကောင်းတဲ့ ကောင်ပါ။ နောက်ပြီး သူက ရိုးလည်း ရိုးတယ်ဗျ။ အသောက် အစားလေး တော့ရှိတာပေါ့ဗျာ ဒါကတော့ ယောက်ျားလေးပဲ သိပ်မကင်းပါဘူးဗျ နော။


ဒီလိုနဲ့ နေလာရင်းပေါ့ဗျာ ဆိုက်ထဲမှာ ကောင်မလေး တယောက် ကိုတွေ့တယ်ဗျ၊
ဟေ့လူတွေ ... ကျနော် ပြောတာ နားအရင် ထောင်အုန်း ... ခင်ဗျားတို့ ဘာပြောမလဲဆိုတာ ကျနော် သိတယ်  ...
ခိ ခိ  ဆိုက် ပါ ဆိုမှတော့ လူတွေ မိန်းမတွေ အများကြီးမှန်း ကျနော် သိတာပေါ့ ...
ကျနော် ပြောတာက ကျနော် သဘောကျတဲ့ ပုံစံမျိုးကို ပြောတာ ...
ကဲပါ ... ပြောနေရင်း လမ်းလွဲကုန်ပြီ ... ပြန်ဆက်ရအောင် ... ဘယ်နားရောက်သွားပြီလဲ

အော သိပီ .. အဲ့ကောင်မလေးက ပုံစံကတော့ ... အင်ဂျင်နီယာမလေး လိုလိုပဲ ...
အခုမှ ထရိန်နင် လာဆင်းတာလား မသိဘူး၊ အရင်ရက်တွေက မတွေ့ဖူးဘူးဗျ၊ ...
ချောတယ်ဗျာ အသားဖြူဖြူလေးနဲ့ ခိ ခိ ...
ကျနော်တော့ နှမြောသား ဒီကောင်မလေး ဘာလို့ ဒီလို ဆောက်လုပ်ရေး လောကထဲ ဝင်လာသလဲ ဆိုတာကို သိပ်မကြာခင် သူ့အသားလေးတွေ ညိုကုန်မှာဗျ၊ အေးပေါ့လေ သူ့အကြောင်းနဲ့ သူတော့ ရှိမှာပေါ့ ငါနဲ့တော့ မဆိုင်ပါဘူးဆိုပေမယ့်ဗျ ခိ ခိ ကျနော် တချိန်လုံး လိုလို သူ့အနားလေးမှာ မယောင်မလည် နဲ့ သွား သွားပြီး အလုပ်ရူပ်ချင်ယောင် ဆောင်ဆောင်နေမိတယ်၊ ပြီးတော့ သူတို့ ဘာပြောလဲ ပေါ့ဗျာ နားလေး ဘာလေးလည်း စွင့်ထားတာပေါ့ ခိ ခိ ...
သူမလေးကတော့ ကျနော့်ရဲ့ စိတ်ကူး အိပ်မက်တွေကို အပိုင်ယူ သွားပြီနဲ့ တူပါရဲ့ဗျာ၊

ကျနော့် အတွေးထဲမှာ သူမလေး ရှိနေတတ်ပြီဗျ၊
" နေမြင့်လေ အရူးရင့်လေ " ဆိုတာ ကျနော့်ကို ပြောနေသလားတောင် ထင်ရတယ်၊ ရက်ကြာလာလေ သူမလေးကို စွဲလန်းရတဲ့ ကျနော့် စိတ်တွေ ထုထည်ကြီးမားလာလေပဲဗျ၊ ဒါပေမယ့် ကျနော် အားမလျော့ပါဘူး သူမလေးနဲ့ နီးရအောင် ကျနော် ဘာလုပ်ရင်ကောင်းမလဲ နေ့ရှိသ၍ တွေးနေတယ်လေ။
... ဒါပေမယ့်ဗျာ တော်တော်နဲ့ အကွက်ကောင်းက မလာဘူးဗျ၊ ကျနော် အားမလျော့ပါဘူး " တနေ့တလံ ပုဂံ ဘယ်မရွေ့ မဟုတ်လား " ဒီလိုနဲ့ နေရင်းပေါ့ဗျာ သူမလေး ကုန်းလိုက် ကွလိုက် လုပ်ရင် ကျနော် ရင်တွေ ဖိုနေပီ ခိ ခိ သိတယ် မဟုတ်လား ...
တောင်ပူစာလေးတွေ လှစ်ကနဲ လှစ်ကနဲ ပေါ်သွားရင် ကျနော်တော့ သွေးတွေ ငယ်ထိပ် တက်ဆောင့်လိုက်သလိုပဲရယ် ဒိတ် ဒိတ် ဒိတ် ဒိတ် နဲ့ပေါ့။

ဒီလိုနဲ့နေရင်းပေါ့ဗျာ သီတင်းကျွတ်နားနီးတော့ ကျနော်တို့ ဆိုက်က ၂ ရက် ပိတ်မယ်တဲ့ ဆိုတော့ ဘော့စ်က သီတင်းကျွတ် မုန့်ဖိုးပေးတယ်ဗျ၊ ကျနော်နဲ့ ကျနော့်သူငယ်ချင်းနဲ့ တယောက်တဝက် စုပြီးတော့ ဟို ဘာတဲ့ ဂျော်နီလမ်းလျောက် ဆိုလား ဂျော်နီဝါးကားဆိုလား ဝယ်သောက်ကျမလို့ ဆိုပြီး တိုင်ပင်တော့ ...
ဟိုကောင်က အေး ရတယ်လေ ချကြတာပေါ့တဲ့...
ငါတို့လည်း ကောင်းတာ မသောက်ရတာ ကြာပြီဆိုပြီးတော့ သူသွားဝယ်မယ် ဆိုပြီး ကျနော့်ဆီက ပိုက်ဆံယူပြီး ထွက်သွားလေရဲ့၊

ကျနော်ကတော့ အဆောင်မှာ အမြည်းအတွက် စီစဉ်ရင်း ကျန်ခဲ့တော့တယ်၊ ...
ဟိုဟာလေး ဝယ်လိုက် ဒီဟာလေး ပြေးဝယ်လိိုက်နဲ့ ... အိုး .... အဆင်ကို ပြေလို့၊
ဒါနဲ့ ဟိုကောင် ပြန်ရောက်လာတော့ ကျနော် စချင် စိတ်ပေါက်တာနဲ့ သူ ဝယ်လာတဲ့ ပုလင်းကို သေချာကြည့်ပြီး တော့ ...

... ဟ ငါ့ကောင်ရ မင်း သေချာလည်း ကြည့်မဝယ်လာဘူး ဆိုတော့ ...

ကျနော့် သူငယ်ချင်းက မျက်ကလဲ ဆန်ပြာနဲ့ ဘာဖြစ်လို့လည်း သူငယ်ချင်း ဆိုပြီး မေးရှာပါတယ်၊
သူ့ကြည့်တော့လည်း ... ခိ ခိ မျက်နှာက ညိုးသွားလိုက်တာ...  ခိ ခိ
ကျနော်လည်း ဆက် စ ချင်တာနဲ့ မင်းကလဲ သေချာမကြည့်ဘူး ပုလင်းမှာ အိပ်စပိုင်းယာ ဒိတ်လည်း မပါဘူးကွ လို့ပြောလိုက်တာပေါ့ ခိ ခိ၊ ဟိုကောင်လည်း အံ့ဩသွားတာပေါ့ နဝေတိမ်တောင်နဲ့ အရက်ပုလင်းမှာ အိပ်စပိုင်းယာ ရှိလား မရှိလား သူလည်း သေချာ မသိဘူးလေ။ အဲဒါနဲ့ ငါ ဘယ်လိုလုပ်ရမလဲ ဟ ဆိုပြီး မျက်နှာငယ်လေးနဲ့လေ ကျနော်လည်း ဘာမှလုပ်မနေနဲ့ ဝယ်လာမှတော့ သောက်လိုက်ယုံပဲ ရှိတော့တာပေါ့ ဆိုပြီး ခပ်တည်တည်နဲ့ ပြောလိုက်တော့တယ်။
ဒါကြောင့် ပြောပါတယ် ဒီကောင်က ငကြောင် ပါလို့ ခိ ခိ။

အဲ့ညကတော့ အတော် ပွဲကောင်းတာဗျ။ ကျနော်လည်း ပေါက်ကရတွေ အစုံအစိ လျောက်ပြော တော့တာပဲ...
မူးမူးနဲ့လေ ခိ ခိ သူကလည်း  ရည်းစား မရှိသေးတဲ့ ကောင်လေ ...
ကိုယ်ကတော့ သူ့ထက်ပဲ သာသလိုလို ခိ ခိ စိတ်ကူးတည့်ရာ ပြော၊ သူကလည်း နားထောင်ပေါ့ဗျာ၊
နောက် စသောက်တုန်းရှိသေး ဆိုက်ထဲက ခင်နေတဲ့ တယောက်ကလည်း ရောက်လာတော့ ဝိုင်းက ပိုစည်သွားတာပေါ့။
ဟိုကောင် နောက် ရောက်လာတဲ့ ကောင်က ပိုဆိုးသေး တကယ့် လိုင်းစုံ၊ မထသ က အဖေ ခေါ်ရမယ်၊
သူကလည်း ပေါက်ကရတွေ ပြောတော့တာပဲ ...

ဘာတဲ့
... မူးမူးနဲ့ မှတ်မိနေတာတော့ လှေကြီးထိုးတာလည်း ပါတယ်၊
... မုဆိုး ဒူးထောက်ဆိုတာလည်း ပါတယ်၊
... စစ်သားကြီး သေနပ်ထမ်း ဆိုလား ဘာလား ပါသေး၊
မှတ်မှတ်ရရ မှတ်မိနေတာကတော့ ဒီစကား ၄ ခွန်းဗျ ခိ ခိ ဒါမျိုးကျ ဉာဏ်ကောင်းချက် ပြောပါတယ်၊

ဘာတဲ့ ... " ကြောင်ရေသောက်၊ ကျားရေသောက်၊ ဘဲလေး အစာတွတ်၊ ကြက်အစာကောက် " ဆိုလားပဲ ခိ ခိ

ဒါကတော့ နည်းစနစ်တွေ ဆိုပဲ ကောင်မလေးတွေကို ဘယ်လို ကိုင်တွယ်ရမလဲ ဆိုတာမှာ ဒီနည်းကိုလည်း အသုံးပြုဆိုလားပဲ။

အဲ ခင်ဗျားတို့ သိအောင် ပြန်တော့ မပြောပြတော့ဘူးဗျာ ခိ ခိ
တော်ကြာ ကျနော့်ကို စကားကြော ရှည်တဲ့သူ ထင်နေအုန်းမယ် ကိုယ့်ဘာသာကိုယ် စဉ်းစားကြည့်ကျ၊
ဟုတ်တယ်လေ မျက်လုံးထဲ မြင်ကြည့်ဗျာ
အဲ့အကောင်တွေ ရေသောက်ပုံ၊ အစာကောက်ပုံတွေကို နော၊
ဒါက ခင်ဗျားတို့ မြို့မှာပြောနေတဲ့ ဘာဂျာ ဆိုတဲ့ထဲက နည်းစနစ်တွေလေ၊
ဒါကလည်း ကျနော်တို့နဲ့ အတူ လာသောက်သွားတဲ့ ကောင်ပြောတာပါ ...
ကျနော် သိပါတယ် သူလည်း ပြောသာပြောတာ ဒါမျိုးတွေ သေချာတောင် သိရဲ့လားလို့ ခိ ခိ၊ ထားပါ စကားဆက်ရအောင် ...

နောက်ရှိပါသေးတယ် ကြုံမှပဲ ထပ်ပြောပြတော့မယ်ဗျာ နော်။
အဲ့လိုနဲ့ သောက်ကျပြီးတော့ ပုလင်းလည်း ကုန်တော့ ဝိုင်းသိမ်းပေါ့။
ဒါနဲ့ ခြေဆေး လက်ဆေး၊ သွားတိုက်ပြီးတော့ အိပ်ယာ ဝင်ကျတာပေါ့ဗျာ။
ကျနော်နဲ့ ကျနော့်သူငယ်ချင်းက အတူအိပ်ကျတာလေ။

... ... ... ...
... ... ...
... ...
...

ကျနော်နဲ့ ကျနော် သဘောကျတဲ့ အင်ဂျင်နီယာမလေးတို့ပေါ့ဗျာ ... ခိ ခိ
ဟို ရုပ်ရှင်တွေထဲကလိုပေါ့ ... ပန်းခြံထဲ လျောက်သွား တော့မဟုတ်ပါဘူး၊ ...
သူ့မှာ အဖော်မရှိလို့ လိုက်ပို့ပေးရတာ ... တကယ်ကို ပျော်စရာကြီးပဲ။
သူသွားချင်တဲ့နေရာတွေ လိုက်ပို့ပေးရတာ ရင်ခုန်စရာပါ၊
သူကလည်း ကျနော်နဲ့ သွားရတာ သဘောကျမှာပါ ...
... ဘာလို့လည်းဆိုတော့ သူ့ကြည့်ရတာ နဲနဲ ရိုးတိုးရှမ်းတန်းလည်း ဖြစ်နေသလိုပဲ ...
တခါတခါ သူ ကျနော့်ကို ကြည့်တာလဲ ရှက်နေသလိုပဲ ခိ ခိ ... ကျနော် ထင်တာပြောတာပါ ကိုယ်က သဘောကျတဲ့သူကိုး ခိ ခိ ..

အဲ့တော့ ကိုယ်လိုရာ ကိုယ်ဆွဲတွေးရမှာပေါ့ ဟုတ်ဖူးလား။
တချက်တချက် ကျနော့် ကျနော်က မတော်တဆလိုလို တမင်လိုလို သူ့လက်လေးကို ဖမ်းပြီး ကိုင်လိုက် မသိချင်ယောင် ဆောင်ပြီး အထာလေးနဲ့ ပေါ့ဗျာ ... ပြန်လွတ်လိုက်ပေါ့ ...
အဲ့မှာ ကျနော် သူ့ကို ဖွင့်ပြောလိုက်တယ်ဗျ၊ သူကလည်း သဘောကျပါတယ်ဗျာ ...
မိန်းကလေးဆိုတော့ ရှက်တာပေါ့၊ လက်လေးကို တခါတည်း ဖမ်းကိုင် လိုက်ပြီး မလွတ်တော့ဘူး ခိ ခိ ပိုင်တုန်းလေး လုပ်ပြစ်လိုက်တာလေ။
နေရာကောင်းလေး တခုတွေ့တော့ သူရော ကျနော်ရော ထိုင်ဖို့ပြင်တာပေါ့၊
ဒီလိုနဲ့ ထိုင်ရင်း သူမရဲ့လက်ကလေးကို ကိုင်ထားရင်း စကားတပြောပြောနဲ့ပေါ့ ...
အဟီး အလစ်မှာ နမ်းမလို့လေ ... တကယ်က၊
အဲ့လိုနဲ့ အရိပ်ကောင်းတဲ့နေရာမှာ အေးဆေးထိုင်ကျရင်းနဲ့ ထွေရာလေးပါး လျောက်ပြောတာပေါ့ဗျာ၊
သူကလည်း သူ့အကြောင်းအတော် များများကို ပြောပြတာပေါ့၊
ကျနော်ကလည် အင်း လိုက်ရတာပေါ့ဗျာ မဟုတ်ဘူးလားဗျ ငါ့အကိုတို့ရေ။
စကားလေး ပြောနေရင်းနဲ့ အလစ်မှာ ရင်ခွင်ထဲ ဆွဲသွင်းပစ်လိုက်တာပေါ့ ...
ဘာရမလဲ ... အလစ်မပေးဘဲ ကြည့်နေတာ ... အလကားမှ မဟုတ်ဘဲဗျ နော၊ ...
ကျနော် ရုတ်တရက် ဆွဲဖက်လိုက်တော့ သူမလေး ကြောက်သွားတယ် ထင်တယ် ...

ကျနော့် ရင်ခွင်ထဲမှာ ငြိမ်လို့၊ သူလဲ ရင်တွေ ခုန်နေပုံပဲ ကိုယ်ချင်းထိ နေတော့ ...
သူ့ရင်ခုန်နေသံလေးတွေ သူ့ကိုယ်လေး လှုပ်နေတာလေးတွေကို ကျနော် ခံစားလို့ ရနေတယ်လေ။
ကျနော်လည်း လုပ်သာ လုပ်လိုက်တာ ခိ ခိ ကြောက်သားဗျ ... မတော် ထအော်ရင် ဒုက္ခလေ ခိ ခိ။

အရိပ်ကောင်းကောင်း မြက်ခင်း အေးလေးပေါ် ထိုင်ရတာ တကယ်ကို ကောင်းတယ်ဗျ နော၊
ကျနော်တော့ ဒီနေရာလေးမှာ ကြာကြာ ထိုင်ဖို့ သူ့ကို ပြောတော့ အိုကေပါတယ် တဲ့ ဗျ၊
ဒီလိုနဲ့ ကျနော်တော့ ခြေဆန့် လက်ဆန့်ပေါ့ ထိုင်နေတာလေ၊

သူမလေးကတော့ ပိပိရိရိလေးပါပဲ ... ထိုင်နေတာက ကျနော်ရှိနေလို့လည်း ဖြစ်မှာပေါ့လေ ပဲလေးပေးနေတာ ခိ ခိ၊
ဒီလိုနဲ့ ကျနော်က သူမလေးကို ကျနော့်ဘေးမှာ လာထိုင်ခိုင်းနေတာ ငြင်းနေလို့ ...
ကျနော်က မထိုင်ရင် ဖက်နမ်းမယ် ဆိုပီး  ... ခြိမ်းခြောက်တော့မှပဲ ... ကျနော့်ဘေးကို ရောက်လာပြီးတော့ လာထိုင်တယ်၊

ကျနော်လည်း လက်တဖက်ကတော့ သူမ နောက်ကျောလေးကနေ ထောက်ပီး ထိုင်နေတာပေါ့ ...
လက်နှစ်ဖက်စလုံး နောက်ပစ်ပြီးတော့လေ၊
အကြံကတော့ လစ်လို့ရှိရင် ထပ်ဖက်ပြီးတော့ အာဘွား ပေးမလို့ဗျ၊ ...

... အဲ့ဒီမှာပေါ့ဗျာ ။ ...
ကျနော်နဲ့ ကောင်မလေးနဲ့ သာယာနေတာကိုလေ ဘယ်က ဘယ်လို ရောက်လာမှန်း မသိတဲ့ ဖားပေါ့၊
ကျနော်ကလည်း ဖားဆို သေအောင် မုန်းတဲ့သူ၊ ဖား နဲ့ ပိုးဟပ် က ကျနော့် အမုန်းဆုံး ဘုံရန်သူပဲဗျ။
ကျနော် လက်နောက်ပစ်ထားတဲ့ နားမှာလေ ရှိနေတာ ...
ဒီကကောင်ကလည်း ဘေးမှာ ကိုယ်အသေ ကြိုက်ရတဲ့ ဆော်လေး ရှိနေတော့ ... ဘယ်သေချာကြည့်မလဲ ...
... ...
လက်ကို ဟိုနား ရွေ့ ဒီနား ရွေ့နဲ့ နေရာမျိုးစုံ ပြောင်းပြီးတော့ ဖက်မလို့ ပြင်နေတာလေ၊
အဲ့မှာ လက်ထောက်မိတော့ ဘာလဲပေါ့ ညစ်ကြည့်တာ ပျော့စိ ပျော့စိနဲ့ရယ် အမလေး အသည်းယားလိုက်တာဗျာ ...
အခုပြန်တွေး အခုပြန်ပီး အသည်းယားတယ် သေချာကြည့်တော့မှ ...
...
...
ဟာ!!!!! ...  ဖားပြုပ်ကြီး ..... ကဲ ..ဟာ ....

ကိုရွှေဖားပြုပ် ...  ဘာရမလဲ လက်နဲ့သေချာ ဆုပ်ကိုင်ပီး ဆွဲလွင့်ပစ်လိုက်တာလေ.........


....
...

အောင်မလေး သေပါပီဗျ ....
.......
.......
.......
အမ် .. ဟိုကောင့်အော်သံကြီး...
ဘယ်ကဘယ်လို လာတဲ့ အသံလဲပေါ့  .. ကြည့်လိုက်တော့ ...  သူက ဘေးနားမှာ  ထိုင်နေတယ် ...

သိလိုက်ပြီ ... ကျနော် အိပ်မက် မက်နေတာဗျ၊ ... ဟီးးးး
အိပ်မက်ထဲမှာ ကိုယ်က ကောင်မလေးနဲ့ လျောက် လည် ပတ်ပြီးတော့ ပျော်နေတာလေ၊ ...

တကယ် အပြင်မှာကတော့ အိပ်ယာထဲမှာပဲ ရှိနေတာဗျ၊
နောက်ပီးတော့ မြက်ခင်း အေးအေး ဆိုတာကလည်း ...  အဟီး ... မိုးလင်းပိုင်း နဲနဲအေး လာတာ၊

အဲ့လိုအေးလာတော့ သောက်ထားတဲ့ အရှိန်တွေက ကျလာပီလေ.. ကျနော့် .. သူငယ်ချင်းက စောင်ခြုံရမှာ ပျင်းလို့ ဆိုပီးတော့ ဘေးနားရှိတဲ့ စောင်ကို မခြုံဘဲ ပုဆိုးကို ဆွဲပြီးတော့ ခြုံအိပ်တာလေ၊ ကျနော်တို့ ယောက်ျားလေးတွေမှာ ရှိတတ်တဲ့ အကျင့်တခုပေါ့၊

အဲ့လို အိပ်ရင်းနဲ့ အောက်က တဖြည်းဖြည်းနဲ့ ဟောင်းလောင်း ဖြစ်လာတာရယ်ဗျ၊
ကျနော်က အိပ်မက်ထဲ ဖားတွေ့တယ်ဆိုတာ တကယ်က မဟုတ်ဘူးဗျ....

အီး းးးး သူ့လဥ ပျော့တွဲကြီးဗျ ပျော့တွဲကြီး အီးးးးး

သူက ကျနော့်ကို ကျောပေးပီးတော့ ကွေးကွေးလေး အိပ်တာဆိုတော့ကာ

အဲ့ဟာကို ကျနော်က ပယ်ပယ်နယ်နယ် ကိုင်လိုက်ပီးတော့ အိပ်မက်ထဲ ဖားပြုပ် လို့ထင်ပြီး ဆောင့်ဆွဲလွင့်ပစ်လိုက်တာ ... စဉ်းစားကြည့်လေ ... ဖားအရေခွံနဲ့တော့ တူနေတာကိုးဗျ။ တူနေတာကိုး....

ပြောင်ပြောင် ပျော့ပျော့လေးလေ ကောင်းကျသေးရဲ့လား အရပ်ကတို့ရေ ..... အဖြစ်ကတော့ မနှစ်ကနဲ့ မတူဘူးဗျာ တကယ်ပါပဲ .......

ဟိုကောင့် ဘဝကတော့ သေလောက်အောင်ပါပဲ ဗျာ .......... တွေးသာကြည့်ပေတော့ ........

အတွေးပင်လယ်ပြာ ဖိုရမ် အတွက် ရေးသားသည်...
ကိုညီ ( ၃၁ - ၅ - ၂၀၁၄ - စနေ )

No comments:

Powered by Blogger.