အချစ်တဲ့လား
ထိုက်သူ တယောက် ကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်နေမိသည်။ သူ့ကိုယ်သူလည်း
ရှားလော့ခဟုမ်း လိုလို၊ ဆားပုလင်းနှင်းမောင်လိုလို တွေးနေမိသည်။
သူကိုယ်တိုင် ကလည်း ပါဇယ်တွေကို ဖြေရှင်းရတာ စိတ်ဝင်စား သည်မဟုတ်လား။
အဲတော့ သူထင်သည့်အဖြေနှင့် နီးစပ်နေပြီ ဆိုလျှင် သူပီတိဖြစ်ရသလို၊ တခုခု
ကို သူ လက်စသတ်နိုင်ခဲ့ ပြီလို့လည်း ခံစားမိရသည်။ တခါတလေတော့
ကာမဆန္ဒအထွတ်အထိပ်ကို ရောက်ခဲ့ရသလိုပင်ခံစားခဲ့ရမိသည်ဆိုပါက
ပိုမည်ဟုပင်မထင်။
လူနေ တိုက်တန်းတွဲကြီးတွေ ကြားထဲက လမ်းကလေး
အတိုင်း သူလျှောက်လာခဲ့မိသည်။ တက္ကစီသမားကို လမ်းမကြီးပေါ်မှာပင် ရပ်စေကာ
ကျသလောက်ပိုက်ဆံပေးပြီး ဆင်းကာ လမ်းလေးအတိုင်းလျှောက်လာခဲ့ခြင်းဖြစ်လေသည်။
လက်ထဲမှာလည်း ဘူတာရုံအနီးက ပန်းဆိုင်က ဝယ်လာခဲ့သည့် ပန်းစည်းလေး
တစည်းကိုင်လာခဲ့သည်။
သူ့ကို အံအားသင့်သွားအောင် ရုတ်တရက်
အငိုက်ဖမ်းလိုက်မည်ဟုစဉ်းစားထားပြီး၊ မိမိကို တွေ့လိုက်ရတော့ သူ့မျက်နှာ
ဘယ်လိုဖြစ်သွားမလဲ ဆိုတာ ကို သူသိချင်လှပြီ။
သူဆိုတာ က
စမ်းနွယ်သိမ့် ဆိုသည့် ရှမ်းဗမာမ လေး။ ထိုက်သူနှင့် စမ်းနွယ်သိမ့်တို့
လွန်ခဲ့သည့်နှစ်လကမှ ဂျာမဏီ နိုင်ငံ အက်စန် မြို့ က
စတားဝါးကွန်ဗန်းရှင်းကို အတူတူ တက်ခဲ့ကြသေးသည်။ သူတို့ နှစ်ယောက်
တည်းသည့်ဟော်တယ်နှင့်၊ ကွန်ဗန်းရှင်းစန်တာ နှင့်က လမ်းလျှောက်သွားရုံပင်၊
ဆိုတော့ တက္ကစီတွေ၊ ဘာတွေ နဲ့ အချိန်ကုန်ခံစရာမလို၊ ဟော်တယ်ခန်းနှင့်
ကွန်ဗန်းရှင်းစန်တာ အဲဒီနှစ်နေရာမှာသာ အချိန်ကို ဖြုံးရုံပင်။ သူတို့
နှစ်ယောက် က တနိုင်ငံစီက လာတာမို့ လေယဉ်ဆိုက်ချိန်ကလည်းတချိန်စီ။ ထိုက်သူက
အရင်ရောက်နေတာမို့ ဟော်တယ်မှာ အခန်းကြိုယူပြီး စမ်းနွယ်သိမ့်
ပါလာမည့်လေယာဉ်ကို သွားကြို နေလိုက်သည်။
စမ်းနွယ်သိမ့်
လူဝင်မှုကြီးကြပ်ရေးကောင်တာက ထွက်လာတော့ အသင့်စောင့်နေသည့်ထိုက်သူကို
တွေ့လိုက်ရတော့ မျက်နှာတခုလုံး ရွှင်လန်းသွားပြီး တယောက်ကို တယောက်
တင်းတင်းကြပ်ကြပ်ဖက်လိုက်ကြပြီး နူတ်ခမ်းချင်းလည်းဖိကပ်နမ်းမိကြသည်။
ဗမာချင်းပေမဲ့ ပြင်သစ်အနမ်းကို နှစ်ယောက်စလုံးက သဘောတူ
ကြိုက်နှစ်သက်အသုံးချကြသည်။ နောက်တော့ လေဆိပ်အဝကပဲ တက္ကစီတစီးတား၍
ထိုက်သူအခန်းယူထားသော ဟော်တယ် သို့ သွားကြသည်၊ ကားနောက်ဖက်ခုံပေါ်မှာ
စမ်းနွယ်သိမ့်က ထိုက်သူရင်ခွင်ထဲခေါင်းတိုးဝင်မှီထားပြီး ထိုက်သူက
စမ်းနွယ်သိမ့်ကိုယ်လေးကို ထွေးဖက် ထားလိုက်သည်။ တချက်တချက်တော့ မို့မို့လေး
ဖောင်းနေသည့် စမ်းနွယ်သိမ့် ရင်သားလေးကို သူ့လက်ဖဝါးလေးဖြင့်
အုပ်ကိုင်ပြီး အသာလေး ညှစ်မိသည်။
ဟော်တည်ခန်းထဲ ရောက်တာနှင့်
စမ်းနွယ်သိမ့် အထုပ်တွေကို ကြမ်းပေါ်ပြစ်ချလိုက်ပြီး
တယောက်နှင့်တယောက်အငမ်းမရ ဖက်ရမ်းနမ်းစုပ်ကြရင်း တယောက်ကိုယ်ပေါ်က
အင်္ကျီတွေကို တယောက် ဆွဲဖြဲပြစ်တော့မည့်အတိုင်း ချွတ်ပြစ်ကြသည်။ တဦးနှင့်
တဦး အသားချင်း ထိတွေ့နေရသည့်အရသာကို ခံစားလို့ မဆုံးနိုင်ကြ။ စမ်းနွယ်သိမ့်
တကိုယ်လုံးကို ထိုက်သူက တလက်မ မျှ မကျန်အောင် သူ့နူတ်ခမ်းတွေနဲ့နမ်းပြီး
သူ့လျှာကြီးနှင့် ရက်ပြစ်လိုက် သလို၊ စမ်းနွယ်သိမ့်ကလည်း
ထိုက်သူအလံတိုင်ကို အားမလိုအားမရ ငုံခဲစုတ်ပေးနေသည်၊ ကင်းဆိုက်
ကုတင်ကြီးတခုလုံး၊ အခင်းတွေ ခေါင်းအုံးတွေ၊ ကျေမွသွားအောင် သူတို့
နှစ်ယောက်ကဲလိုက်ကြသည်။၊ နောက်ဆုံးကျမှ၊ လူဖြစ်ရက်နှင့် တခြားတိရစာ္ဆန်
တမျိုး၏ ပုံစံ ကို အတုခိုးရင်း၊ နှစ်ယောက်စလုံး၏ ဆန္ဒရမက်များကို
အဆုံးစွန်သို့ ညှစ်ထုတ်ပြစ်လိုက်ကြတော့သည်။
နောက်တော့ ရေမိုးချိုး
အဝတ်အစားလဲကာ၊ ဟော်တယ်အောက်ထပ်က စားသောက်ဆိုင်မှာပဲ၊ စားသောက်ကြပြီး၊
ဟော်တယ်ခန်းပြန်တက်၍ ဆားငံရည်ကို သောက်သုံးမိကြပြန်သည်။
စတားဝါးကွန်ဗန်းရှင်းက မနက်ဖြန်မှ ဆိုတော့ သူတို့ အတွက်က အေးအေးဆေးဆေး
အချိန်ရသည်ဆိုပေမဲ့၊ တယောက်နှင့်တယောက် ဆုံကြဖို့က တနှစ်မှာ
တခါတောင်အနိုင်နိုင် မဟုတ်လား။ ဆုံတုန်းလေး မှာ အချစ်နလံထကြရသည်။
အိစက်ညက်ညှောသည့်၊ တန်ပါပက်ဒစ် မွေ့ယာကြီးပေါ်မှာ ချစ်တလင်းခေါ်ကြရသည်။
သူတို့
နှစ်ယောက်၏ ဖူးစာကလည်း မထူးဆန်းသော ထူးဆန်းမှုလို့ဆိုရမည်လား၊
နှစ်ယောက်စလုံးက မော်ဒန်တက်ကနော်လော်ဂျီကို စိတ်ဝင်စားကြသူတွေ၊
ကိုယ်ထွက်လာခဲ့သည့် နိုင်ငံ ၏ စာပေ၊ ဂီတ တို့ကိုလည်း ချစ်မြတ်နိုးခဲ့သလို၊
ဂလိုဘယ် ကိုလည်း မျက်ခြေမပြတ်ကြသူတွေ၊ ဆိုတော့ ဗမာဝက်ဆိုက်ကလေးတခု ကို
လုပ်ကိုင်ကြရင်းဖြင့် အွန်လိုင်းပေါ်မှာ ရင်းနီးလာခဲ့ကြသည်။
တယောက်နှင့်တယောက် နစ်ခ်နိမ်းခေါ်သည့် ကလောင်နာမည်
ခေါ်မလားနာမည်ဝှက်ခေါ်မလား အဲလိုနာမည်တွေနှင့် စရင်းနှီးပြီး
ကိုယ့်အတွေးအခေါ်သူ့အတွေးအခေါ်တွေ ဖလှယ်ခဲ့ကြသည်။တူတာတွေ များလာတော့
စကားပိုပြောမိလာသည်၊ စကားပြောသည်ဆိုတာက ချပ် တို့ ဂျီတော့တို့မှာ ဖြစ်သည်။
ထိုမှတဆင့် အွန်လိုင်းချစ်သူဘဝသို့ရောက်ခဲ့ကြသည်။
နှစ်ယောက်စလုံးကလည်း
နာမည်ဝှက်နှင့် တယောက်နောက်ကြောင်းတယောက်မပြောခဲ့ကြသူတွေမို့
အွန်လိုင်းချစ်သူ ဆိုတာကလည်း ပေါ့ပေါ့ပါးပါးသာ သဘောထားခဲ့ကြသည်။
စကားပြောတာများခဲ့တော့ နှစ်ယောက်စလုံး၏ အကြိုက်တွေက တူတာတွေ များတာကို
တွေ့နေရသည်။ ဥပမာ စူပါဟီးရိုးရုပ်ရှင်ကားတွေ၊ စတားဝါး မူဗီတွေ၊
ဟဲဗီးမက်တယ်ရော့ခ ဂီတတွေ။ အဲဒီမှာ သူတို့ နှစ်ယောက်စလုံးကြည့်ချင်သည့်
တေးဂီတအဖွဲ့ ဂျပန်မှာ ပွဲလုပ်တော့ ကြည့်ချင်သည်လို့ပြောမိကြရင်းနှင့်
ထိုက်သူက သူလက်မှတ်ဝယ်မည်၊ စမ်းနွယ်သိမ့် လာနိုင်မလားဟုမေးလိုက်တော့ အိုကေ
ဟုဆိုသည်။ အဲဒီမှာ သူတို့ နှစ်ယောက်ရဲ့ ပထမဦးဆုံး အကြိမ် အပြင်မှာ
လူချင်းတွေ့ဘူးတာပဲ ဖြစ်သည်။ သေးသေးသွယ်သွယ် ကျစ်ကျစ်လစ်လစ်ပေမဲ့
အမို့အမောက် ရှိသင့်သည့်နေရာလေးရှိနေသည့် စမ်းနွယ်သိမ့် ကို ထိုက်သူက
ချစ်စရာလေးလို့ မြင်မိသလို၊ ထောင်ထောင်မောင်းမောင်း သူ့ထက်ခေါင်းတလုံးမက
မြင့်သည့် ထိုက်သူကို စမ်းနွယ်သိမ့်က ခန့်ချောကြီးလို့ မြင်သည်။ အသက်ကွာဟ
ချက် ရှိပေမဲ့ အဲဒါက သူတို့ နှစ်ယောက်ကြားမှာ အတားအဆီးလို့ မမြင်ခဲ့ကြ။
ပထမဆုံးအကြိမ်တွေ့
တာနှင့်ပင် သူတို့ နှစ်ယောက် ဆားငံရည်ကို စသောက်ခဲ့ကြသည်။
နောက်တခါကျတော့လည်း၊ အိပ်စပို ကုန်ပစ္စည်းတွေ ကြေငြာပြသည့်ပွဲ၊
စမ်းနွယ်သိမ့်က အလုပ်ကိစ္စဖြင့် တက်စရာရှိသည်။ ထိုက်သူကလည်း
ဗေကေးရှင်းထွက်မှာနှင့်တိုက်ဆိုင်တော့ အဲဒီနိုင်ငံတခုမှာ ဆုံဖြစ်ကြသည်။
နောက်ဆုံးကတော့
စတားဝါးကွန်ဗန်းရှင်း၊ နှစ်ယောက်စလုံးက စတားဝါးချစ်သူများဆိုတော့
ချိန်းပြီးလာကြခြင်း ဖြစ်လေသည်။ ရောက်သည့်ည ဟော်တယ်မှာ ချစ်တလင်းခေါ်ပြီး
နေမြင့်မှ ထနိုင်သည်။ စတားဝါးဖန်တွေ၏ ထုံးစံအတိုင်း၊ စမ်းနွယ်သိမ့်က
ပရင့်ဆက်လီယာလို့ ဝတ်ပြီး ထိုက်သူက ဂျဒိုင်းမာစတာလို ဝတ်ထားကြကာ
ကွန်ဗန်းရှင်းစန်တာကိုလမ်းလျှောက်ထွက်လာကြသည်။
လမ်းတလျှောက်မှာ
သူတို့လို လူတွေပင်၊ စတားဝါးရုပ်ရှင်ထဲမှ ကာရိုက်တာများ၏
အဝတ်အစားများနှင့်၊ လမ်းလျှောက်နေကြသည်။ ထိုနေ့က ကွန်ဗန်းရှင်းက
အက်တီဗတီတွေ ပြီးတော့ ဟော်တယ်ခန်းပြန်ရောက်လာကြတော့
သူတို့ဝတ်ထားသည့်အဝတ်အစားတွေ မချွတ်တော့ပဲ၊ ပရင့်ဆက်လီယာနှင့် ဂျဒိုင်း
တို့အဖြစ် ရိုးပလေးလုပ်ကာ ချစ်တလင်းခေါ်ကြပြန်သည်။
" ချစ်တယ် စမ်းရယ်"
"စမ်းကလည်း ထိုက်ကို ချစ်ပါတယ်ထိုက်ရယ်"
ထိုက်သူတယောက်
သူတို့ နှစ်ယောက်ချမှတ်ထားသည့် အခြေခံစည်းမျဉ်းတွေ ချိုးဖေါက်လို့
စမ်းနွယ်သိမ့် ဘယ်မှာနေသည်လည်း ဆိုတာ၊ တိတ်တဆိတ်စုံစမ်း ရင်း လာနေခဲ့မိပြီ။
စတားဝါးကွန်ဗန်းရှင်း ပြီးတော့ လမ်းခွဲခဲ့ကြပြီး နှစ်လလုံးလုံး
ထိုက်သူရင်ထဲမှာ အချစ်တွေနဲ့ ပြည့်နှက်နေသည်ဟုထင်နေခဲ့သည်။ သူ
စမ်းနွယ်သိမ့် ကို အရမ်းချစ်နေမိပြီဟု တွေးနေမိသည်။ သူနှင့် အဲလိုမျိုး
ဝါသနာတူ စိတ်ကူးတူ ဘယ်မှာသွားရှာလို့ရမလည်းဟုလည်းတွေးနေမိသည်။
နောက်ဆုံးတော့ သူ့ ဘဝလမ်းကြောင်းကို ပါ ပြောင်းလဲပြစ်ဖို့
ဆုံးဖြတ်လိုက်သည်။ စမ်းနွယ်သိမ့်ကိုတော့ အံအားသင့်အောင်
လုပ်လိုက်မည်ဟုတွေးလိုက်သည်။
ယခုတော့ စမ်းနွယ်သိမ့်အိမ်ဆီသို့
ပန်းတစီးကိုင်လို့ လျှောက်လာနေမိပြီ။ သူအိမ်တံခါးခေါက်လိုက်လို့၊
လာဖွင့်ပေးတော့ သူ့မျက်နှာကိုတွေ့လိုက်ရတဲ့ စမ်းနွယ်သိမ့်တယောက်၊
မျက်နှာဘယ်လိုဖြစ်သွားမလဲဆိုတာသူသိချင်လှပြီ။ သူ့အထုပ်တွေအပိုးတွေတောင်
လေဆိပ်နားက ဟော်တယ်တခု အခန်းထဲက ကြမ်းပြင်ပေါ်ပုံချထားခဲ့ရသည်၊ တော်ကြာ
မှောင်သွားမှာလည်းစိုးသည်။
သူအလွတ်ကျက်မှတ်ထားသည့်
လိပ်စာသို့ရောက်လာလေပြီ၊ အခန်းဝရှေ့ရောက်တော့အတွင်းထဲက အသံတွေ
ဆူဆူညံညံကြားရတော့ သူနည်းနည်းတော့ တွေဝေသွားသည်။ ဘာများပါလိမ့်ပါတီများလား၊
သူလာတာ အချိန်ကောင်းမှ ဟုတ်ပါ့မလား၊ နည်းနည်းတော့ထင့်သွားသည်။
မိုင်ထောင်နဲ့ချီလာခဲ့ပြီးမှ တော့ တံခါးမခေါက်ပဲ လှည့်မပြန်ချင်တော့၊
တံခါးဘေးက ဘဲလ်ခလုပ်ကို နှိပ်လိုက်သည်။
ထိုက်သူတယောက်
ရင်တခုံခုံဖြင့် စောင့်နေစဉ်တံခါးပွင့်လာသည်၊ စမ်းနွယ်သိမ့်
မဟုတ်တခြားအမျိုးသမီး တဦး၊ သူ့အနောက်ဘက်မှာတော့ ခလေးငယ်လေးတွေ အများကြီး
အော်ဟစ်ပြေးလွှားကစားနေကြသည်။
" ဟဲလို၊ အော် ဂျူလီယာ့ မွေးနေ့ပွဲလာတာပဲလား ခနလေးနော်၊ မိစမ်းရေ ဒီမှာ ဧည့်သည်"
ထိုက်သူတယောက်ဇဝေဇဝါဖြင့်
ရပ်နေချိန်မှာ စမ်းနွယ်သိမ့်အခန်းဝသို့ရောက်လာ၏။ သူ့ကို မြင်လိုက်ရတော့
သရဲ တကောင်တွေ့လိုက်ရသလို မျက်နှာတခုလုံးဖြူလျှော့သွားသည်။
တယောက်နှင့်တယောက်စကားမပြောနိုင်ကြပဲ မျက်လုံးချင်းစူးစိုက်ကြည့်နေချိန်မှာ
အိမ်တွင်းမှ လှမ်းအော်သံ ကြားလိုက်ရသည်။
" စမ်းရေ၊ သမီးက ကိတ်မုန့်ခွဲချင်ပြီတဲ့ လာတော့လေ ဖယောင်းတိုင်ဘယ်နားထားလဲ"
"လာခဲ့မယ် ကို၊ ခနလေး"
"အိမ်ရှေ့က ဘယ်သူလဲ ကိုစိုင်း တို့လား"
" မဟုတ်ပါဘူး အိမ်မှားပြီးတံခါးလာခေါက်တာပါ"
နောက်ဆုံးစကား နဲ့အတူ စမ်းနွယ်သိမ့်တယောက် တံခါးကို ဆောင့်ပိတ်လိုက်ပါတော့သည်။
ထိုက်သူ
ရင်ထဲဘယ်လိုခံစားရမှန်းမသိ။ခေါင်းထဲဘာတွေးရမှန်းမသိပဲ၊
ဦးတည်ချက်မရှိလျှောက်လာမိခဲ့သည်။ လက်ထဲက ပန်းစည်းလည်း
ဘယ်နားလွှတ်ပြစ်ခဲ့မှန်း မသိတော့။
.........................
ထိုက်သူ လေယာဉ်ကွင်းကထွက်တော့ သူ့ရှေ့မှာ ကားလေးတစီးလာရပ်သည်။ ထိုက်သူမော့ကြည့်လိုက်တော့ သမီးကြီး။
" ဖေဖေ ၊တော်သေးတာပေါ့ သမီးကားပတ်ကင်မှာ သွားမရပ်မိတာ၊ "
" အော်၊ အေးလေ တိုက်ဆိုင်လိုက်တာနော်၊ ဖေဖေ က သမီး မေမေ့ကို ဖုန်းခေါ်တော့မလို့၊"
"
မေမေက မအားလို့လေ သမီးကို ကြိုခိုင်းလိုက်တာ၊
သမီးကျောင်းခနပိတ်တုန်းပြန်လာတာ ဖေဖေခရီးသွားနေတယ် ဆိုတော့
ဒီတခေါက်မတွေ့ရတော့ဘူး ထင်နေတာ၊ ဖေဖေ ခရီးစဉ်ဖျက်ပြန်လာတယ်ဆိုလို့
ဝမ်းသာနေတာလေ"
" အေး ဖေဖေလည်းသမီးကို လွမ်းနေတာ၊ ဘယ်နှယ့်လည်း သမီးကျောင်းမှာ အဆင်ပြေရဲ့လား"
No comments: