တစ်ခန်းရပ်အိမ်မက်
ဒီနေရာကိုကျမ မသွားချင်ဘူး သွားရမှာကြောက်တယ် မသွားမဖြစ်ကိစ္စကြောင့်သာသွားရတာ
မသွားချင်ဘူးလို့သာတွေးနေတာပါ တချိန်ကြရင်ကျမလဲဒီနေရာကိုမလာမဖြစ်လာရမယ့်လူထဲမှာပါတယ်
ဘယ်နေရာလဲဆိုတော့ "ရေခဲတိုက် "ဟုတ်တယ် တနည်းပြောရရင်သေပြီးသားလူတွေကိုအသုဘမချခင်
ခေတ္တခနခိုနားခိုင်းသောတခုတည်းနေရာ....
"ဟဲ့ မေလေး မြန်မြန်လာလေ နင်ကလဲကြောက်တတ်လိုက်တာလွန်ပါလေရော တွန့်ဆုတ်တွန့်ဆုတ်နဲ့"
"လာနေပါတယ်ဟဲ့..ငါဒီလောက်လဲမကြောက်တတ်ပါဘူး"
မကြောက်တတ်ဘူးလို့သာပြောနေတာပါ ကျမတစ်ကိုယ်လုံးကြက်သီးမွေးညှင်းထလောက်အောင် တုန်ရီနေတာကိုယ်တိုင်သာလျှင်အသိဆုံး...
ဒီနေရာကိုကျမဘာလို့လာလဲသိချင်ကြမှာပဲနော်...ဟုတ်ကဲ့ သူငယ်ချင်းအဘွားဆုံးလို့ အသုဘချရန်
အလောင်းအားရေခဲတိုက်မှလာထုတ်တာကိုအဖော်အဖြစ်လိုက်လာတာပါ
ခြောက်ခြားစရာကောင်းလှတဲ့ရေခဲတိုက်ထဲကျမခြေချမိတယ်ဆိုရင်ပဲတစ်ကိုယ်လုံးဖိန်းကနဲရှိန်းကနဲမည်အောင်ကြက်သီးမွေးညှင်းထမိတယ်....
လူတစ်ကိုယ်စာအကန့်လေးတွေနဲ့ဖွဲ့စည်းထားတဲ့အခန်းကိုလဲမသတီမိဘူး...ဘာမှဝင်ကူစရာမရှိတာနဲ့အခန်းထဲပတ်ဝန်းကျင်ကိုသာစပ်စုနေမိတယ်
အဲ့အချိန်မှာပဲ တွန်းလှည်းနဲ့လူသေလောင်းတခုကိုယူလာတာတွေ့လိုက်မိတယ်....ဪငါလဲတစ်နေ့သူ့လိုအသယ်ခံရမှာပါလားတွေးနေမိတုန်း
အလောင်းသယ်လာတဲ့လှည်းကျမအရှေ့ကအဖြတ်မှာအလုံပိတ်အခန်းထဲ ဘယ်ကဘယ်လိုတိုက်မှန်းမသိတဲ့လေနုလေးတခုတိုက်ခတ်ပြီး လူသေကိုဖုံးထားတဲ့
အဝတ်ဖြူလှန်သွားတယ်...တိုက်ဆိုင်မှုများလား ဘာမှန်းမသိတဲ့အရာတခုရဲ့လုပ်ဆောင်မှုများလား...
လှည်းပေါ်က အလောင်းကိုမြင်လိုက်ချိန်မှာ ကျမအရမ်းကိုတုန်လှုပ်သွားတယ်...ဟုတ်တယ်..တကယ်ကိုရှော့ရသွားတာ...ကအို....ကအိုကြီးပါလား
ကျမကိုယ့်မျက်လုံးတောင်ကိုယ်မယုံဘူး...ဟုတ်တယ်..ကျမသုံးနေကျအတွေးပင်လယ်ပြာကချပ်ခန်းစောင့်ကြီးကိုအိုဗာ...ဘယ်လိုဖြစ်တာပါလိမ့်..သူ...သူ
သေသွားပြီလား
ကျမတို့နေ့တိုင်းစကားပြောနေတဲ့ကိုအိုဗာကြီးကျမတို့ကိုထားခဲ့ပြီလား...ကျမခြေလှမ်းခပ်သွက်သွက်နဲ့ပဲကျမရှေ့ကဖြတ်သွားတဲ့လှည်းဆီလိုက်သွားမိတယ်....
ကျမသေချာအောင်ကြည့်ဖို့လိုအပ်တယ်လေ...
" ခနလေး...ခနလေးရပ်ပါအုန်းရှင်"
" ကျမ အသိဟုတ်မဟုတ်ကြည့်ချင်လို့ပါရှင် ခနလေးပါနော်
" ဟုတ်ကဲ့ ညီမကြည့်လို့ရပါတယ် "
ဟုတ်တာပေါ့...ဟုတ်တယ်...တကယ်ကိုပဲကျမတို့ပင်လယ်ရဲ့ချပ်ခန်းစောင့်နတ်မင်းကြီး ကိုအိုဗာ ခေါ် ကိုအာဘိုပဲ....ဘယ်လို...ဘယ်လိုဖြစ်တာလဲ..
အကောင်းကြီးကနေရှင်..မယုံနိုင်စရာပါပဲလား....
လွန်ခဲ့တဲ့ရက်ပိုင်းအတွင်းကကျမတို့နဲ့စကားပြောခဲ့တဲ့အကိုကြီး...ဒီတပတ်အတွင်းရွာပြန်လာမယ်လို့
ပြောနေတာ...ရွာပြန်ရောက်ရင် ချိန်းပြီးဘီယာသွားသောက်ကြမယ်တဲ့....အခုတော့..အခုတော့ သူမသောက်နိုင်ရှာတော့ဘူး...
" ကအို..ကအိုကြီးထကြည့်ပါအုန်း...မေလေးလေ...မေလေး..ထကြည့်ပါအုန်း ကအိုရဲ့ "
" ရန်ကုန်ပြန်ရောက်ရင် တွေ့ကြမယ်ဆို...အခုလိုနေရာမှာတွေ့မယ်လို့များပြောသွားတာလား ကအိုရယ် "
ပြောလဲပြော ငိုလဲငို ကျမ မျက်လုံးတွေဟာဆိုရင် မျက်ရည်တွေကြောင့် ဘာကိုမှမမြင်နိုင်အောင်ဝေဝါးနေပြီ
အချိန်အတန်ကြာတဲ့အထိကျမ ကအို့အလောင်းဘေးမှာ ရှိုက်ကြီးတငင်ငိုနေမိတယ်....ကျမတို့ရဲ့ခင်စရာ
အရမ်းကောင်းတဲ့အကိုကြီး...ကျမနဲ့ ပင်လယ်ထဲကလူတွေကိုရော..ပင်လယ်ကြီးကိုပါထားသွားပြီ
ပင်လယ်...ပင်လယ်...ဟုတ်တယ် ကအိုဆုံးသွားတာ ကျမပင်လယ်ထဲကတခြားသူတွေကိုအသိပေးရမယ်
ကအိုဆုံးသွားတာကျမတစ်ယောက်ပဲသိသေးတာ...အားလုံးကိုအကြောင်းကြားဖို့ကျမမှာ တာဝန်ရှိတယ်
မျက်ရည်တွေကြောင့်ဝေဝါးနေတဲ့ကျမမျက်လုံးတွေကိုသုတ်လိုက်ပြီး လက်ထဲအသင့်ပါလာတဲ့ ဖုန်းကို
အင်တာနက်ဖွင့်လိုက်တယ်...ဘလောက်ဇာထဲက ပင်လယ်ရှော့ကတ်ကို ဖွင့်လိုက်တယ်...
အာ...သောက်ရေးထဲ အင်တာနက်ကမတတ်ဘူး...လုပ်ပါဟ..တတ်ပါ...ဟာ..လာပြန်ပြီ လုပ်ဒင်
ရပြီ..ရပြီ...ပင်လယ်ကိုဝင်ဖို့ လော့အင် လုပ်တဲ့နေရာပွင့်ပြီ...
ကျမအလျင်အမြန်ပဲ ယူစာနိမ်းနဲ့ ပါ့စဝေါ့ကိုရိုက်ခါ လော့အင်ကိုနှိပ်လိုက်တယ်...
ဟာ..ကျသွားပြန်ပြီကွာ..လော့အင်နေရာရောက်နေခါမှ တတ်ပါဟ..ဇွဲမလျှော့ဘူး လော့အင်ကိုထပ်နှိပ်တယ်
ထပ်ခါ ထပ်ခါနှိပ်တယ်...ဒီလော့အင်အဆင့်ကကိုမတတ်ဘူး...ငိုနေတဲ့သူလဲမျက်ရည်တွေခြောက်ပြီး
ဒေါသအဆင့်ဖြစ်လာပြီ......ရပြီ...လော့အင်ဖြစ်သွားပြီ...ဖူးဗားရှင်းကိုထပ်နှိပ်မှပဲဒါမှရှောက်ဘောက်စ်မှာ
အော်ပြီးအကြောင်းကြားလို့ရမှာ...အောက်ဆုံးမှာရှိတဲ့ဂိုးတူဖူးဗားရှင်းကိုမျှော်လင့်တကြီးနဲ့နှိပ်လိုက်ရင်း
ဘလောက်ဇာမှာအစိမ်းရောင်အတန်းလေးတဖြည်းဖြည်းသွားနေတာကိုရင်တထိပ်ထိပ်နဲ့စောင့်ကြည့်နေ
မိတယ်....ဘုရား...ဘုရား...ကျေးဇူးပြုပြီးတော့လိုင်းတတ်ပါစေ...ဟာ.....သွားပါပြီကွာ..လိုင်းကမတတ်တဲ့
အပြင် ဒေတာပါပြုတ်သွားပြီ...ခွီးနဲ့မှပဲ..တင်းလာပြီနော်...လုပ်ဒင်ထပ်လုပ်တယ်..တက်လာပြီ..တက်လာပြီ
ဟုတ်ပြီ..ဟုတ်ပြီ...ရှောက်ဘောက်ပေါ်တော့မယ်.....ပေါ်တော့မယ်...ပေါ်တော့မယ်...
အောက်အီးအီးအွတ်...အောက်အီးအီးအွတ်... အောက်အီးအီးအွတ်...အောက်အီးအီးအွတ်
ဘာအသံလဲ...ဘာအသံလဲ...ကြက်တွန်သံကြီးပါလား ...ကတောက် ဘေးမှာချထားတဲ့ဖုန်းကမြည်နေတဲ့
နှိုးစက်အလန်းပါလား...မနက်၄နာရီ ကြီးအိပ်ကောင်းနေတာကိုကွာ...ဘယ်မအေဘေးကအလန်းလာလုပ်
သွားတာလဲ...ဒါဆိုခုနကငါအိပ်မက်မက်နေတာပေါ့...ခွီးနဲ့မှကွာ....အိပ်မက်ထဲထိတောင်ကောင်းကျိုးမပေးတဲ့ အမ်ပီတီ လိုင်းကိုမတတ်ဘူး
No comments: